Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်


22 Jul,2022

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီး ဦးစီးမှုး ဦးကြည်စောက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က အမှာစကား ဆက်လက်ပြောကြားသည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက သင်တန်းဖွင့်လှစ်မှုအပေါ် ဝမ်းမြောက်စကား ပြောကြားပြီးနောက် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ သင်တန်းနည်းပြများက မိတ်ဆက်စကားအသီးသီး ပြောကြားကြသည်။

ဆက်လက်၍ သင်တန်းဖွင့်လှစ်ပို့ချမည့် နေရာသို့ သွားရောက်ကြည့်ရှုကာ သင်တန်းသားများအတွက် သင်ထောက်ကူစာအုပ်များပေးအပ်ပြီး ဆိုင်ကယ်ပြုပြင်သင်တန်း၏ ပို့ချမည့် စက်ပြင်ကိရိယာပစ္စည်းများ ပြင်ဆင်ထားရှိမှုတို့ကို လေ့လာကြည့်ရှုကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ဖြည့်ဆည်းပေးသည်။

အဆိုပါသင်တန်းကိုသင်တန်းသား ၁၅ ဦးဖြင့် ဇူလိုင် ၁၄ရက်မှ ဩဂုတ် ၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ၂၁ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm