Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်


06 Jun,2024

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်

သရက် ဇွန် ၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်၊ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်၊လုပ်ငန်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု ဆိုင်ကယ်ပြင် သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၅ ရက်နေ့  နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
          ရှေးဦးစွာ သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးဝင်း က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး      သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး   ဦးယုနိုင်လင်းမှ  သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
         ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး စာတွေ့လက်တွေ့ဖြင့် ၁၅ ရက်ကြာ အခမဲ့ သင်ကြားပို့ချလျက်ရှိကြောင်း သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းထံမှ သိရသည်။

    ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm