Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


05 Jun,2024

နေပြည်တော် ဇွန် ၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့ အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၄၆၉ ဒသမ  ၂ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မကွေး-နေပြည်တော်ကားလမ်းမကြီးမှ မကွေး မြို့နယ်၊ ဘုရားပြို(မြောက်)ကျေးရွာနှင့် ဘုရားပြို(တောင်)ကျေးရွာသို့ဆက်သွယ်သည့် အရှည် ၂မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ရောက်ရှိကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းအဝန် လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲစေရေး တာဝန်ရှိသူ များက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်အတွင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးလက်နေအမျိုးသမီးငယ် များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေတိုးပွားစေရေး ရည်ရွယ် ဖွင့်လှစ်လျက်ရှိသည့် အသက်မွေးကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းအား လိုက်လံကြည့်ရှု့စစ်ဆေးရာ သင်တန်းနည်းပြ ဆရာမက သင်တန်းတွင်ဖွင့်လှစ် ပို့ချပေးလျက် ရှိသည့် အခြေခံစက်ချုပ်ဘာသာရပ်များအားရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က ထို့နောက် သင်တန်းတက်ရောက်လာကြသော သင်တန်းသူများအနေဖြင့် အခြေခံစက်ချုပ်ပညာရပ်များ တက်ရောက်ပြီးပါက အဆင့်မြင့်စက်ချုပ်ပညာရပ်များအထိပါဆက်လက်လေ့လာသွားကြရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားရေးအတွက် စက်ချုပ်ပညာရပ်များဖြင့် ဆောင်ရွက် သွားကြစေလိုကြောင်း ဆွေးနွေးမှာကြားကာ သင်တန်းသူများအား လိုအပ်သည်များပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm