Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဂံဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်


04 Jun,2024

ညောင်ဦး၊ ဇွန် ၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပုဂံဒေသတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ‌ပုဂံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြား‌‌ရေးမှူး နှင့် တာဝန်ရှိသူများ၊ ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြား‌‌ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား (၂၀) ဦးအား မှန်ကြည်ဆေး၊ ဘက်စုံ သုံးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ လက်ဆေး ဆပ်ပြာရည် အမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းတို့ကို ဇွန်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm