Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်သီးအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ


04 Jun,2024

ကျောက်ဆည်၊ ဇွန် ၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျောက်ဆည်တက္ကသိုလ်၊ ရုက္ခဗေဒဌာနတို့ ပူးပေါင်း၍ သရက်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျောက်ဆည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင်-၂၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင် ဦးစီးမှူး၊ ကျောက်ဆည်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ က အဖွင့်အမှာစကား ပြောကြားပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြော ကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား (၂၀)ဦးအား သရက်သီး အခြေခံစားသောက် ကုန်များဖြစ်သည့် သရက်ဝိုင်၊ သရက်ယို၊ သရက်တော်ဖီ၊ သရက်ဂျမ်၊ သရက်ဂျယ်လီ၊ သရက်သီး အနှစ်ဖျော်ရည်၊ သရက်သီး syrup ပြုလုပ်နည်းတို့ကို ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm