Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ်တွင် အေးကြည်ကုန်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား စစ်ဆေးခြင်း


22 Jul,2022

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အေးကြည်ကုန်းကျေးရွာ၌ ရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ထိုက်ထိုက်ပြည့်ဖြိုးလွင်နှင့် တာဝန်ရှိသူများက အေးကြည်ကုန်းကျေးရွာ ၌ရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအရည် အသွေးပြည့်မီ အောင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားသည်။

အေးကြည်ကုန်းကျေးရွာ၌ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ရွာတွင်းလမ်း အရှည်ပေ ၇၀၀၊ အကျယ် ၁၄ပေနှင့် ထု ၆ လက်မရှိ ကွန်ကရစ်လမ်းကို မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေ ရာခိုင်နှုန်း ၅၀ မှ ငွေကျပ် ၁၂၄ သိန်းဖြင့် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ဇူလိုင် ၉ ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm