ရပ်စောက် ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုတို့ပူးပေါင်း၍ ရောင်ခြည်ဦးစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမ အသင်းသားတောင်သူ(၃၁)ဦးတို့၏ (၃၂၁.၅)ဧကအတွက် (၆၄၃)သိန်းနှင့်ညီမျှသော သွင်းအားစုများ ပေးအပ်ခဲ့ရာ သွင်းအားစုများပေးအပ်ပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီအရာရှိနှင့်တာဝန်ရှိ သူများ၊ မြို့နယ်သမဝါယမအသင်းစုမှဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးစပါးသီးနှံ စိုက်ပျိုးရာ၌ တောင်သူများသွင်းအားစု အခက်အခဲမရှိစေရေးအတွက် စပါး တစ်ဧကတွင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစုများနှင့် မြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော စွမ်းထက်သဘာဝမြေဩဇာများကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် ဈေးကောင်းရရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်