ထားဝယ် မေ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)သမဝါယမကဏ္ဍဆောင်ရွက်မည့် ထားဝယ် မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားများ၏ လယ်ဧက ၁၀၁၁ အတွက် သွင်းအားစုဖိုးမတည် ရင်းနှီးငွေကျပ် ၂၀၂၂ သိန်းပေးအပ်ပွဲ အခမ်းအနားကို မေ ၃၀ ရက်က ထားဝယ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က အဖွင့်အမှာစကားပြောကြားပြီး ကော်မတီဒုတိယဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းက အမှာစကားပြောကြားကာ ကော်မတီအတွင်းရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝါဝါလွင်က ထားဝယ် မြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအား လယ်တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစုဓာတ်မြေဩဇာများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အသင်းသားတောင်သူ(၂၂)ဦးလယ်ဧက ၁၀၁၁ အတွက် သွင်းအားစုဖိုးမတည်ရင်းနှီးငွေကျပ် ၂၀၂၂ သိန်းနှင့် သမဝါယမအသင်းများသို့ သွင်းအားစုများပေး အပ်ပြီး အသင်းသားတောင်သူများကိုယ်စား ဦးဝင်းနိုင်က ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်