ပုသိမ် မေ ၃၁
ဧရာဝတီတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၏ ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အထိ ငါးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို မေ ၂၈ ရက် နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)၌ ကျင်းပခဲ့သည်။
ဦးစွာ သဘာပတိအဖြစ် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစောအင်ဒရူးပန်းက နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ရွေးချယ်တင်မြှောက်ခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသောကိုယ်စားလှယ် များထံမှ အတည်ပြုချက်ရယူခဲ့ကြသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၏ တာဝန်ပေးထားသော ဖွဲ့စည်းရေးကော်မတီဝင်ငါးဦးဖြင့် အမှုဆောင်အသစ်များကို ခရိုင်အလိုက် ဆန္ဒမဲပေးရွေးချယ်ခဲ့ပြီး အမှုဆောင်အသစ်များက ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်