Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟင်္သာတခရိုင်အတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ


28 May,2024

နေပြည်တော် မေ ၂၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မေလ ၂၇ ရက်၊ မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်သို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် မွမ်းမံစက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီးသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ တိုင်းဦးစီးမှူးက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသူများအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းများ ဆက်လက် ဖွင့်လှစ်သင်ကြားပေးရန် မှာကြားကာ သင်တန်းသူများကိုယ်တိုင် ဖွင့်လှစ်ထားသော အုပ်ချုပ် ဆိုင်များအား လိုက်လံကြည့်ရှုအားပေးပြီး မိသားစုဝင်ငွေတိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့ရှိ ဝန်ကြီးဌာနအောက် ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဦးစီးဌာနအလိုက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အမြန်စတင် အကောင်အထည်ဖော်ရေး မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း တွင် ကျင်းပပြုလုပ်သော သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြပွဲနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ လာမည့်မိုးစပါးစိုက်ပျိုးရာသီ၌  အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေးနည်းပညာ များအတိုင်း လိုက်နာဆောင်ရွက်ကြရေး မှာကြားပြီး မိမိတို့ဝန်ကြီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေး မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးက သမဝါယမလယ်ယာ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တောင်သူလယ်သမားများအနေဖြင့် လယ်ယာသုံး စက်ကိရိယာများ ပိုင်ဆိုင်ခွင့်ရရှိရန် သမဝါယမဦးစီးဌာနက ကူညီဆောင်ရွက်ပေးနေမှုများကို လည်းကောင်း၊ ဟင်္သာတခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံက JICA Two Step Loan ဖြင့် ဆောင်ရွက်ပေးနေသော ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ဂျွန်ဒီးယား ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဝန်ဆောင်မှုပေးနေသည့် လယ်ယာသုံးစက်ကိရိယာ အမျိုးအစားများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ဟင်္သာတခရိုင် အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများသည် လယ်ယာသုံးစက်ကိရိယာများဖြင့် လက်တွေ့ သရုပ်ပြထွန်ယက်နေမှုကိုလည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီအသီးသီးတို့၏ စိုက်ပျိုးရေးသွင်းအားစု များ ခင်းကျင်းပြသထားမှုကိုလည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသထားမှုကို လည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm