ကျွန်းစု မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) သမဝါယမကဏ္ဍမှမြို့နယ်အတွင်းရှိ လယ် ၂၅၀ ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေကျပ် သိန်း(၅၀၀)ပေးအပ်ပွဲကို မေ ၂၇ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်စိမ့်ထွန်းက ကျွန်းစုမြို့နယ်အတွင်း မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက(၂၅၀)အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ မိုးစပါးစိုက်တောင်သူများအား လယ်(၁)ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစု ဓာတ်မြေဩဇာများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကျွန်းစုမြို့နယ်အတွင်း ပဲယာကျေးရွာ၊ သမာဓိ(လယ်ယာနှင့်အထွေထွေ) သမဝါယမအသင်းမှ အသင်းသားတောင်သူ(၅၅)ဦး၊ စိုက်ပျိုးဧက(၂၅၀)အတွက်မတည်ငွေ(၅၀၀) သိန်းအား အခြေခံသမဝါယမအသင်းအား ဝိုင်းကြီးချုပ်အဖွဲ့အလိုက်ထုတ်ချေးပေးခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အခြေခံသမဝါယမအသင်းမှ အမှုဆောင်များ၊ အသင်းသား တောင်သူများ၊ သမဝါယမအသင်းစု အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်