Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငဖဲမြို့နယ်၊ ပေါင်းကလေး ကျေးရွာ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


29 May,2024

ငဖဲမြို့နယ်၊ ပေါင်းကလေး ကျေးရွာ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ငဖဲ မေ ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ‌ေပါင်းက‌လေး ကျေးရွာအုပ်စု၊ ပေါင်းကလေး ကျေးရွာ၌ ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေ ၃၁၀ သိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ဖြိုးပြည့်စုံဟိန်း နှင့် ဝန်ထမ်းများက မြစိမ်း‌ရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ပေါင်းကလေး ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လည်ပတ်ရန်ပုံငွေ ဖြင့်  ‌စိုက်ပျိုး‌ရေး လုပ်ငန်း အကောင်အထည်‌‌ ဖော်မှု အခြေအနေများ ၊ လစဉ်ဖြည့်သွင်းရမည့် စာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းထားမှု နှင့် စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအ ပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကြောင်းသိရသည်။
       ပေါင်းကလေး ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ)  ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ တတိယ အကြိမ်မြောက်အဖြစ်  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၄  ဦးကို  မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ )လည်ပတ် ရန်ပုံငွေကျပ်  ၃၁၀ သိန်းထိ ထုတ်ချေးထားရှိပြီး   စီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ဖြိုးပြည့်စုံဟိန်း ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm