Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနိုင်းမြို့နယ် အောင်စိုးမိုးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ စစ်ဆေး


29 May,2024

တနိုင်း မေ ၂၉

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အောင်စိုးမိုးကျေးရွာ၌ နဝမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စီမံကိန်းဆိုင်ရာ ငွေစာရင်းပုံစံများ ဖြည့်သွင်းထားရှိမှုအား ယနေ့ နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တနိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းမင်းလွင်၊ တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးနှင့် ဝန်ထမ်းများက စီမံကိန်းကျေးရွာတာဝန်ခံနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်တွေ့ဆုံ၍ အောင်စိုးမိုးကျေးရွာ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်စသည့် တစ်နိုင်တစ်ပိုင်ဝင်ငွေတိုးလုပ်ငန်းများ အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ငွေစာရင်းပုံစံများ စနစ်တကျ
ရေးသွင်းထားရှိမှု၊ စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားမှု ရှိ/မရှိ အခြအနေများအား ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်စိုးမိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်မှစတင်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆာင်ရွက်ခဲ့ရာ ယခုအခါ နဝမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးအား ချေးငွေကျပ် ၁၈ ဒသမ ၂ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးအား ချေးငွေကျပ် ၁၄ ဒဿမ ၆ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးအား ချေးငွေကျပ် ၁၇ သန်း၊ စုစုပေါင်းအသင်းသား ၃၇ ဦး တို့မှ စီမံကိန်းရန်ပုံငွေ ကျပ် ၄၉ ဒဿမ ၈ သန်းထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း တနိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းမင်းလွင်ထံက သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm