Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အကောင်အထည်ဖော်ရေးသင်တန်း(၁/၂၀၂၄) ဖွင့်ပွဲကျင်းပ


27 May,2024

နေပြည်တော် မေ ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို မြေပြင်တွင် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နေကြသည့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စီမံကိန်း သဘောသဘာဝနှင့် စီမံကိန်း သဘောတရားများကို ထိထိမိမိ နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း အကောင်အထည်ဖော်ရေး သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း သဘောသဘာဝနှင့် သဘောတရားများကို နားလည်သဘောပေါက်ပြီး ခေတ်မီစံပြကျေးရွာဖြစ်ပေါ်လာစေရေးစီမံကိန်းလက်စွဲနှင့်အညီ ကဏ္ဍအားလုံး အချိတ် အဆက်မိမိ ဆောင်ရွက်စေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်ရာတွင်လည်း ကျေးရွာ၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမည့် ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို ဦးစားပေး ရွေးချယ် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမူဝါဒပိုင်းဆိုင်ရာများအား လည်း ကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကြောင်းအရာများအားလည်းကောင်း အသီးသီးပို့ချကြပါသည်။

အဆိုပါ သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ စုစုပေါင်း သင်တန်းသား သင်တန်းသူ(၄၄)ဦး တက်ရောက်ခဲ့ပြီး  သင်တန်းကို လေးရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm