ပြင်ဦးလွင်၊ ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်က အသင်းသားပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုရေးကိစ္စများတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အသင်းမှရရှိသော အကျိုးအမြတ်များထုတ်ပေးခြင်းကို ဇူလိုင်လ ၂၀ ရက်နေ့က အဆိုပါအသင်းတွင် ပြုလုပ်ခဲ့သည်။
ထို့နောက် အသင်းမှ အသင်းသားပြည်သူ ၇၇၀ ကျော်အား တစ်ဦးလျှင် ၂၀၀၀၀/- နှုန်းဖြင့် ငွေကျပ်သိန်း ၁၅၀ ကျော် အကျိုးအမြတ်များကို လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။