ပြင်ဦးလွင် မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆေးတလုံးလယ်ယာနှင့်အထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို မေ ၂၅ ရက်က ပြင်ဦးလွင်မြို့နယ်၊ ဆေးတလုံးကျေးရွာအုပ်စုရှိ ဆေးတလုံးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ပြင်ဦးလွင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းကျော်၊ အသင်းဥက္ကဋ္ဌနှင့်အမှု ဆောင်ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသား/သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် အမှုဆောင်အဖွဲ့ဝင် ဒေါ်တင်စိန်က ဆောင်ရွက်ပြီး ရှေးဦးစွာ ဘဏ္ဍာရေးရှင်းတမ်းကို ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဒေါ်သင်းမာဦးက ရှင်းလင်းဖတ်ကြားသည်။ ဆက်လက်၍ သဘာပတိက တက်ရောက်လာသော အသင်းသား/ သူများထံမှ အတည်ပြုချက်ရယူခဲ့ပြီး အသင်းမှအသင်းသား (၂၄၀)ဦးအား အစုပေါ်ချီးမြှင့်ငွေ (၁.၄၄)သိန်းနှင့် စုဆောင်းငွေပေါ် အတိုး (၉.၅၀)သိန်း စုစုပေါင်း ငွေကျပ် (၁၀.၉၄)သိန်း ကျော် ထုတ်ပေးခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်