နေပြည်တော် မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ကျောင်းစုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်ပေးနိုင်ရေး လက်ရှိမြေပြင်အနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်း၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် မြို့နယ် တာဝန်ရှိသူများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ကျောင်းစုကျေးရွာတွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ် ပေးနိုင်ရေးအတွက် လက်ရှိမြေပြင်အခြေအနေများ ကွင်းဆင်းတိုင်းတာကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အဆိုပါ ကျောင်းစုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် ၁ ဒသမ ၅၄ ဖာလုံ အကျယ် ၁၂ ပေ အမြင့် ကျောက်ရောမြေ နှစ်ပေထု မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေကျပ် ၁၄၆ ဒသမ ၂၇၃ သန်းဖြင့် ဌာနမှအင်ဂျင်နီယာများစုဖွဲ့ကာ ယခုလ စတုတ္ထအပတ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥတ္တရခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်