Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်တွင် ဒေသခံများ သောက်သုံးရေအဆင်ပြေစေရေး မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း


21 Jul,2022

မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု၊ တုံးအိုင်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ကျပ် ၆ သန်းကျော်ဖြင့် မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းအား  တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြေသားရေကန်တူးဖော်ခြင်း၊ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ ခြံစည်းရိုင်းကာရံခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၆.၄၁၃)သန်းဖြင့် သီးကုန်းကျေးရွာအုပ်စု၊ တုံးအိုင်ကျေးရွာတွင် အလျား ပေ ၁၅၀၊ အနံ ပေ ၁၅၀၊ အနက် ၃ ပေရှိ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကို ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းမြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း(နည်းပညာ)နှင့် တာဝန်ရှိသူ များက သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု့စစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါမြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းပြီးစီးပါက အိမ်ခြေ ၁၀၇ အိမ်၊ လူဦးရေ ၅၄၄ ဦး ရှိသည့် တုံးအိုင်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအတွက် အဆင်ပြေတော့မည် ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm