Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်သမဝါယဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် စိုက်ပျိုးထားသော စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


21 May,2024

ကျောက်ဆည် မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ် သမဝါယမဦးစီးဌာနနှင့် အခြေခံသမဝါယမသင်းသားတောင်သူများ ပူးပေါင်း၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးများကို တောင်ပလူကျေးရွာမှ အခြေခံ သမဝါယမအသင်းသားတောင်သူ(၃၁)ဦးမှ (၁၅၂)ဧက၊ အရှေ့ရွာနန်းကျေးရွာ အခြေခံသမဝါယမ အသင်းသားတောင်သူ(၁၈)ဦးမှ (၈၆) ဧက၊ ပုထိုးနီကျေးရွာမှ အခြေခံသမဝါယမအသင်း သားတောင်သူ(၃၀)ဦးမှ (၁၅၀)ဧက၊ ပင်တလည်ကျေးရွာမှ အခြေခံသမဝါယမအသင်းသား တောင်သူ(၄) ဦးမှ (၃၀) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

စပါးသီးနှံများစိုက်ပျိုးရာ၌ တောင်သူများသွင်းအားစုအခက်အခဲမရှိစေရေး မြို့နယ် သမဝါယမဦးစီးဌာနမှ စပါးစိုက်ပျိုးသည့် အခြေခံသဝါယမအသင်းသားတောင်သူများအား စပါးတစ်ဧကတွင် ငွေကျပ် (၂) သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများထောက်ပံ့ပေးခဲ့ကြောင်း နှင့်ထွက်ရှိလာသည့်စပါးများ ရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်