သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိုးရာသီ အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို မိုးလုံလေလုံ အားကစားရုံ၌(၁၅.၇.၂၀၂၂)ရက်နေ့ ညနေ (ဝ၅:ဝဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ စီမံရေးရာဌာနမှ ဌာနမှူး၊ သင်ကြားရေးဌာနများမှ ဆရာ/ ဆရာများ၊ ကျောင်းသား/ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် တက္ကသိုလ်မှာ အားကစားပြိုင်ပွဲတွေကို နှစ်စဉ်နှစ်ကြိမ်အနေဖြင့် မိုးရာသီအားကစားပြိုင်ပွဲ၊ ဆောင်းရာသီအားကစားပြိုင်ပွဲများ ကျင်းပလေ့ရှိပြီး ယခုပြုလုပ်ပေးတယ့်ပွဲကတော့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မိုးရာသီအားကစားပြိုင်ပွဲဖြစ်ပါကြောင်း၊ ယခုအားကစားပွဲ မှာ အနိုင်မခံအရှုံးမပေးသော စိတ်ဓါတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ပေးကြသည့် ကျောင်းသား/ ကျောင်းသူများကို အများကြီး ကျေးဇူးတင်ရှိပါကြောင်း၊ မိုးရာသီအားကစားပြိုင်ပွဲကို ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးကြသော အားကစားကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အားကစားပွဲများ ကျင်းပရခြင်းကြောင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုတွေ ရှိလာနိုင်သလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိလာနိုင်ခြင်း၊ ကျန်းမာကြံ့ခိုင်ပျော်ရွှင်လာနိုင်ပြီး မိသားစုစိတ်ဓါတ်၊ အသင်းအဖွဲ့စိတ်ဓါတ်များ တိုးတက်လာနိုင်ခြင်း၊ စိတ်ပျော်ရွှင်လာနိုင်သည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မှာ ဖြစ်ပါကြောင်း၊ အားကစားလိုက်စားခြင်းဖြင့် စိတ်ဖိစီးမှုကို ၃၀% လျော့ချနိုင်သည်ဟု ပညာရှင်များက သုံးသပ်ထားပါသည်၊ သို့ပါ၍ ကျောင်းသား/ကျောင်းသူများ အားကစားလိုက်စားခြင်းကို အားပေးပါကြောင်း၊ ကြက်တောင်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရသည့်အတွက် အားကစားတစ်ခုချင်းဆီမှ ရရှိမည့် ကိုယ်ခန္ဓာကို အကျိုးဖြစ်ထွန်းစေသည့် အကျိုးကျေးဇူးများကို ပြိုင်ပွဲဝင်များအနေဖြင့် ရရှိပြီးဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကျင်းပခဲ့ကြသည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိသားစုစိတ်ဓါတ်၊ အသင်းအဖွဲ့စိတ်ဓါတ်များ အနိုင်မခံအရှုံးမပေးလိုသည့် အားကစားရေး စိတ်ဓါတ်များ တိုးပွားလာသည့်အပြင် မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓါတ်များကို အမြဲလို မွေးမြူသွားကြရန်၊ နောင်ကျင်းပမည့် အားကစားပြိုင်ပွဲများတွင်လည်း တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲများတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်များကိုလည်း ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ဆုမရရှိသည့် ကျောင်းသား/ကျောင်းသူများလည်း ဆုများရရှိရန် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကြက်တောင်ပြိုင်ပွဲမှ ပထမ၊ ဒုတိယဆုရရှိသည့် ပြိုင်ပွဲဝင်များနှင့်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိကြသည့် ပြိုင်ပွဲဝင်များကို ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်းနှင့် ပါမောက္ခ၊ ဌာနမှူးများမှ ဆုများ ချီးမြှင့်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။