Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပ


10 Apr,2024

နေပြည်တော်၊ ဧပြီ ၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဝန်ထမ်းထုတ်ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း (၁၄၇)ဦး တက်ရောက် ခဲ့ပါသည်။

          အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးမည့် အချိန်ကာလဖြစ်ပါကြောင်း၊ နှစ်ဟောင်းတွင်လည်း အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းများ အောင်မြင်ခဲ့ပါကြောင်း၊ ထို့အတူ နှစ်သစ်တွင်လည်း  အတူတကွပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အလုပ်ကို စိတ်ကောင်း၊ စေတနာထား၍ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းစသည်ဖြင့် ပြောကြားပြီးနောက် ထောက်ပံ့ကြေးနှင့် ဘဲဥများပေးအပ်ရာ ဝန်ထမ်း(၁)ဦးလျှင် ကျပ်(၃၀,၀၀၀)နှုန်းဖြင့် ဝန်ထမ်းအင်အား (၁၉၈)ဦးအတွက် စုစုပေါင်း ငွေကျပ် (၅,၉၄၀,၀၀၀)နှင့် ဝန်ထမ်း(၁)ဦးလျှင် ဘဲဥ(၁၀)လုံးနှုန်းဖြင့် စုစုပေါင်း ဘဲဥ(၁,၉၈၀)လုံးအား ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ဝန်ထမ်းများအနေဖြင့် မိမိတို့ နေရပ်သို့ပြန်ရာ တွင် လုံခြုံရေးအသိ၊ သတိအမြဲရှိရမည်ဖြစ်ပါကြောင်း၊ ဌာန၏ဂုဏ်သတင်းသည် ယခင်ထက်တိုးတက် အောင်မြင်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင် စိတ်သစ် ကိုယ်သစ်ဖြင့် လုပ်ငန်းများ အောင်မြင်အောင် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က မိမိတို့ဌာနသည် ယခင်က အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများသာ ဖွင့်လှစ်သင်ကြားပေးခဲ့သော်လည်း ယခုအချိန်တွင် နည်းပညာပေးခြင်းအပြင် လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြည်သူများက ဌာနကို ပိုမိုသိရှိလာပြီး MSME ကဏ္ဍတွင်လည်း နေရာတစ်ခု ရရှိလာပါကြောင်း၊ မိမိတို့ အနေဖြင့် ဌာနတစ်ခုနှင့် တစ်ခု၊ ဝန်ထမ်းတစ်ဦးနှင့် တစ်ဦး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူး (စီမံခန့်ခွဲ ရေးဌာနခွဲ)က ယခင်ပြုလုပ်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲမှ တင်ပြချက်များကို ပြန်လည်ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm