မောက်မယ် ဧပြီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၃ ခုနှစ်အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ၆ လအတွက် ဝန်ထမ်းများမှစုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ဧပြီလ ၄ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မြို့နယ်အတွင်းရှိ ငွေလမင်းဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်အသင်းသားများ ဝန်ထမ်းပေါင်း ၃၈၉ ဦးအတွက် စုဆောင်းငွေအတိုး ၁၀၃၃၇၈၀၀ ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် နှင့် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးတို့က ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများထံသို့ အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်