Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အစားထိုးရွေးချယ်ပွဲ ကျင်းပ


05 Apr,2024

နေပြည်တော် ဧပြီ ၅

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးမြို့နယ် သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဒေါ်ယုယုအေး၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အသင်းဝင်(၁၀၆)သင်းမှ အသင်းဝင်ကိုယ်စားလှယ် (၉၈)ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးပထမပိုင်းတွင် ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌက သဘာပတိအဖြစ်ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အသင်းတိုင်း တစ်နှစ်တစ်ကြိမ် ဘဏ္ဍာရေးနှစ်ကုန်ပြီး(၃)လအတွင်း ကျင်းပရမည်ဖြစ်ကြောင်း၊  သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ နိုင်ငံတော်မှပံ့ပိုးငွေများဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အလေးထားပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး/ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတွင် အသင်းသားတောင်သူများကို သွင်းအားစုများပံ့ပိုးပေးခြင်း၊ ထွက်ရှိလာသောစပါးများကို ဒေသပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူပေးခြင်း၊ ယခုနှစ်နွေစပါး စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းတွင်လည်း သမဝါယမစုပေါင်းလယ်ယာစနစ်ဖော်ဆောင်ကာ အထွက်တိုးစေမည့် မျိုးကောင်းမျိုးသန့်စပါးတစ်မျိုး တည်းကိုသာ ရွေးချယ်စိုက်ပျိုး၍ စုပေါင်းစိုက်ပျိုး၊ စုပေါင်းဆောင်ရွက်အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ အသင်းဝင်ကိုယ်စားလှယ်များ၊ အသင်းသားများအနေဖြင့်လည်း မိမိတို့၏ အသင်းများ အကျိုးဖြစ်ထွန်းစေရေး အတွက် တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။\

ဆက်လက်၍ အစည်းအဝေးဒုတိယပိုင်း အမှုဆောင်အစားထိုးရွေးချယ်ပွဲကို တိုင်းအဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အဖွဲ့အသစ်အား အဆိုပြု၊ ထောက်ခံစနစ်ဖြင့် ဒါရိုက်တာအဖွဲ့(၅)ဦးကို ရွေးချယ်ပေးခဲ့သည်။ ရွေးချယ်ခံရသည့် အမှုဆောင်အဖွဲ့အသစ်(၅)ဦးက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာများခံယူခဲ့ပြီး၊မြို့နယ်သမဝါယမအသင်းစုခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm