Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်က တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်


14 Jul,2022

ပြင်ဦးလွင်၊ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ သူများအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ပြင်ဦးလွင်မြို့နယ် မြေတိုင်းကျောင်း ခန်းမတွင် ဇူလိုင် ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်ခင်မိုးကြည်၊ ရှေ့ဆောင်ငွေစု ငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm