မော်လမြိုင် ဧပြီ ၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသောဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရာမညမြေအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ အသင်းသားများသို့ အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၅ ရက်နေ့ နေ့လယ်ပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာန၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ထမ်း သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီး ရာမညမြေသမဝါယမအသင်းကို ဖွဲ့စည်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ရာမညမြေ အသင်းအနေဖြင့် ပြည်နယ်အတွင်း စံနမူနာပြသမဝါယမအသင်းတစ်သင်းဖြစ်အောင် အသင်းအမှုဆောင်များအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ သမဝါယမ၏ အနှစ်သာရ ကျင့်ဝတ်နှင့်အညီ အသင်းသားများ၏ အကျိုး၊ အသင်း၏အကျိုး တိုးတက်အောင် ဆောင်ရွက်ပေးရန် ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် အသင်းသားတစ်ဦးလျှင် ဆန်(၁)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်ဥ (၁၀)လုံး၊ အချိုမှုန့် (၁)ထုပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၀၆၀၀၀/-) တန်ဖိုးရှိ အခြေခံစားကုန်များအား အသင်းသား (၃၆) ဦးသို့ သင်္ကြန်ကာလအတွက် ဝန်ထမ်းသက်သာချောင်ချိရေးအနေဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်သတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်