ဘိုကလေး ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းကဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းလှိုင်က မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းများသုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ သုံးသပ်ဆွေးနွေးရမည့် အချက်များနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဝင်များက ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စီမံကိန်းလည်ပတ်မှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြပြီး မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ဆိုလာရေတင်စနစ်စီမံကိန်း၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ Smart Village စီမံကိန်းနှင့် RBF စီမံကိန်း ဆောင်ရွက်ခဲ့သော ကျေးရွာ ၅၃ ရွာမှ ကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်