ဘားအံ၊ ဧပြီ ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)တွင် ယနေ့ နံနက်ပိုင်းက နွေရာသီကျောင်းအားလပ်ရက် တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာသင်တန်းနှင့် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ နှင့် သင်တန်းသားများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)မှ နည်းပြအရာရှိက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ထူးချွန်သင်တန်းသားများကိုဆုများပေးအပ် ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က သင်တန်းဆင်းထုတ်ကုန်များနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းထုတ်ကုန်များနှင့် သင်တန်းသားများမှ တိုင်းရင်းသားရိုးရာဂျပ်ခုတ်ခြင်းနည်းပညာအား လက်တွေ့ သရုပ်ပြသခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်