Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ စမ်းသပ်စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာမျိုးများ ရိတ်သိမ်းနေမှု ကြည့်ရှုစ်စစ်ဆေး


03 Apr,2024

နေပြည်တော် ဧပြီ  ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ အသင်းပိုင်မြေ (၁၅)ဧကပေါ်တွင် စမ်းသပ်စိုက်ပျိုးခဲ့သည့် မြန်မာနေကြာမျိုးနှင့် ရုရှားနေကြာ မျိုးများ ရိတ်သိမ်းနေမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစု ကျေးရွာအုပ်စု၊ ရုံးတောကျေးရွာသို့ ရောက်ရှိပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် စမ်းသပ်စိုက်ပျိုးခဲ့သည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့် ဆီထွက်သီးနှံ နေကြာမျိုးများ ရိတ်သိမ်းနေမှုအခြေအနေများအားလည်းကောင်း၊ အဆိုပါ စိုက်ပျိုးမြေများပေါ်တွင် ထပ်မံစိုက်ပျိုးမည့် နွေစပါးမျိုးများ ပျိုးထောင်ထားရှိမှုနှင့် ထွန်ယက်နေမှုအခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက နေကြာမျိုးများ ရိတ်သိမ်းမှု အခြေအနေနှင့် နေကြာများရိတ်သိမ်းပြီးပါက နွေစပါးအချိန်မီစိုက်ပျိုးနိုင်ရေးစီစဉ်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စမ်းသပ်စိုက်ပျိုးခြင်းမှ ရရှိသည့်အဖြေများကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန်လိုအပ်ကြောင်း၊ စမ်းသပ်စိုက်ပျိုးသည့် နေကြာမျိုးအလိုက် တစ်ဧက ကုန်ကျစရိတ်၊ တစ်ဧကအထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက်စမ်းသပ်စိုက်ပျိုးသည့်အခါတွင် အားနည်းချက်များကို ပြုပြင်၍ ဆောင်ရွက် သွားရန်လိုအပ်ကြောင်းနှင့် နေကြာများ ရိတ်သိမ်းပြီးပါက နွေစပါးအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပျိုးထောင်ခြင်းနှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်  ဆွေးနွေးမှာကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် စိုက်ပျိုးမြေ(၁၇၀)ဧကကျော်တွင် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့်Myanmar Uni-Semi ကုမ္ပဏီလီမိတက် တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး ဒေသနှင့် ကိုက်ညီမည့် သီးနှံများစိုက်ပျိုးနိုင်ရေး စိုက်ပျိုးမြေများပြုပြင်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမြေများ ပြုပြင်ပြီးပါက စိုက်ပျိုးရေရရှိရေးနှင့် ဒေသနှင့်ကိုက်ညီသည့် ရာသီအလိုက်သီးနှံများ သီးထပ်(၃)သီးစိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm