Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


01 Apr,2024

တောင်ကြီး ဧပြီ ၁

          ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ T.B.C စီးပွားရေးဇုန်ရှိ Green Gold ကော်ဖီစိုက်ပျိုး ထုတ်လုပ်‌ရေးသမဝါယမအသင်းသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်းရှိ ကော်ဖီသီးလုံးစိုအခြောက်ခံနေမှု၊ ခွဲခြမ်းသန့်စင်မှုနှင့် ထုတ်ပိုးထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပြည်ပပို့ကုန် ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီအောင်ဆောင်ရွက်သွားရန်နှင့် လွိုင်လင်၊ ဟိုပုံး၊ မိုင်းပွန် ဒေသမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားတောင်သူများ၏ ကော်ဖီသီးနှံများ အား အသင်းသားအကျိုးမြတ်ရရှိစေရေးနှင့် ပြည်ပပို့ကုန်လျာထားချက်ပြည့်မီအောင် အလေးထား ဆောင်ရွက်ရန်  လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ အသင်းတွင် အသင်းသား 918 ဦးရှိပြီး ယခင်နှစ်ကော်ဖီရာသီတွင် ကော်ဖီတန်ချိန် 156.7 တန် ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm