Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Job Fair 2024 အခမ်းအနားကျင်းပ


01 Apr,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၉.၃.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၀၉း၀၀)နာရီ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Job Fair 2024 အခမ်းအနားကို သုံးထပ်ပင်မအဆောက်အဦ မျက်နှာစာနှင့် ဘွဲ့နှင်းသဘင်ခန်းမတွင် အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ပထမပိုင်း Job Fair 2024 ဖွင့်ပွဲအခမ်းအနားအစီအစဉ်ကို သုံးထပ်ပင်မ အဆောက်အဦရှေ့ မျက်နှာစာတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ/တွဲဖက်ပါမောက္ခဌာနမှူးများ၊ (သင်တန်း၊ စီမံနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး၊ လက်လီရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ၊ ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network)နှင့် လုပ်ငန်းရှင်များမှ Job Fair 2024 အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။ 

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ (သင်တန်း၊ စီမံနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဦးရေ (၂၃၀)ကျော်၊ ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network)၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင်  Job Fair 2024 ကို ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် တက္ကသိုလ်မှ ဘွဲ့ရရှိမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်၊ မိမိတို့ရရှိသည့် ဘွဲ့နှင့်အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက် နိုင်ရန်နှင့် လုပ်ငန်းခွင်မဝင်ခင် သိသင့်သိထိုက်သော အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့ကို လုပ်ငန်းရှင်များမှ စေတနာအရင်းခံဖြင့် လာရောက် Interview သည့် အခါတွင်လည်း မိမိတို့၏ အရည်အသွေး၊ မိမိတို့တက်ကျွမ်းထားသည့် ပညာရပ်များကို အသုံးပြုပြီး မှန်ကန်စွာဖြေဆိုပေးကြရန်၊ မေးခွန်းများကို ယဉ်ကျေးပျူငှာစွာ ဖြေကြားပေးကြ ရန်နှင့် မိမိတို့အရည်အသွေး အရည်အချင်းကို ကြိုက်နှစ်သက်၍ အလုပ် ခန့်အပ်ခံရလျှင်လည်း လုပ်ငန်းခွင်တွင် ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်း‌ဆောင်ကြပါလို့ မှာကြား လိုကြောင်း Job Fair 2024 ကို အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးပါသော မန္တလေးတိုင်းဒေသကြီး၊ လက်လီရောင်းချသူများအသင်း၊ ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network)နှင့် လုပ်ငန်းရှင်များ၊ အခမ်းအနား ဖြစ်မြောက်အောင် အဖက်ဖက်မှ ဆောင်ရွက်ပေးကြပါသော အထူးပြု ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် (သင်တန်း၊စီမံနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများနှင့် ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက်  ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network) မှ “အေအိုင် နှင့် အလုပ်အကိုင်” ခေါင်းစဉ်ဖြင့်ဟောပြောပေးခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ မှ မိမိတို့လုပ်ငန်းအကြောင်းအရာများကို အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network) နှင့် တာဝန်ရှိသူများမှ မေးခွန်းအသီးသီးကို ဖြေကြားပေးခဲ့ကြပါသည်။ 

ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ  ဟောပြောပေးသည့်ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network) နှင့် အလှူငွေများပေးအပ်ခဲ့ကြသည့် လုပ်ငန်းရှင်(၉)ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ယူခဲ့ပြီးနောက် နေ့လည် (၁၁း၀ဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ 

  1. Win Brothers Group of Co.,Ltd, 
  2. Sagaing Textile Industry, 
  3. Shwe Moe Mandalay Company,
  4. M Pride Co.,Ltd, 
  5. Inpact Co.,Ltd, 
  6. Royal Shwe Pinlon,
  7. Landon Business University, 
  8. CDGS Co.,Ltd  နှင့်
  9. Sin Pauk Foot Wear  

ကုမ္ပဏီ(၉)ခု၏ ပြခန်းများကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုရင်း အလုပ်လျှောက်လွှာ ဖြည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm