Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) စာသင်ဆောင်နှင့် သင်တန်းသူအိပ်ဆောင် ဖွင့်ပွဲအခမ်းအနား တက်ရောက်


25 Mar,2024

မကွေး မတ် ၂၅

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)ရှိ အောင်တေဇစာသင်ဆောင်နှင့် မြတ်ဇီဇဝါ သင်တန်းသူအိပ်ဆောင်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၃ နေ့ နံနက် ၈ နာရီခွဲက အဆိုပါနေရာ များ၌ အသီးသီးကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ အောင်တေဇစာသင်ဆောင်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူ များက အောင်တေဇစာသင်ဆောင် ကမ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး စာသင်ဆောင်အတွင်း လှည့်လည်ကြည့်ရှုသည်။

ထို့နောက် မြတ်ဇီဇဝါ သင်တန်းသူအိပ်ဆောင်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက သင်တန်းသူ အိပ်ဆောင်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး) အစည်းအဝေးခန်းမ၌ အောင်တေဇ စာသင်ဆောင်နှင့် မြတ်ဇီဇဝါ သင်တန်းသူအိပ်ဆောင် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သင်ကြား ရေးအတွက် လိုအပ်မည့် သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူ အိပ်ဆောင်၊ စာသင်ဆောင်၊ စားဖိုဆောင်နှင့် ရေလုံလောက်စွာ သုံးစွဲနိုင်ရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများအတွက် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်းငွေကျပ်သန်း (၉၇၀ ဒသမ ၉၁၂)ဖြင့် ခွင့်ပြုတည်ဆောက်ပေးခဲ့တာဖြစ်ပါကြောင်း၊ ဒီကနေ့ ဖွင့်လှစ်ပေးတဲ့ စာသင်ဆောင် (၁၀၀'x၃၀'x၂၄') ကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်သန်း (၃၁၈ ဒသမ ၄၈၃) နှင့် သင်တန်းသူအိပ်ဆောင် (၈၀'x၃၆'x၂၄’)ကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်သန်း (၃ဝ၅ ဒသမ ၈၀၇ )တို့ဖြင့် ခွင့်ပြု တည်ဆောက်ပေးခဲ့တာဖြစ်ပါကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျောင်း၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ အမျိုးသားရေးစိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ်အခြေခံပြည့်ဝတဲ့ သမဝါယမစီးပွားရေးအတတ်ပညာကျွမ်းကျင်တဲ့ သင်တန်းသား၊ သင်တန်းသူများဖြစ်အောင် လေ့ကျင့်သင်ကြားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အဆောက်အဦဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ်ဂုဏ်ပြုအလံနှင့် အောင်တေဇစာသင်ဆောင်နှင့် မြတ်ဇီဇဝါသင်တန်းသူအိပ်ဆောင် ဖွင့်ပွဲအမှတ်တရပစ္စည်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ကုမ္ပဏီမှ တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး တည်ဆောက်ပြီးစီးခဲ့သည့် အဆောက်အဦမှတ်တမ်းအား ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ

မကွေးတိုင်းဒေသကြီး

အမြို့မြို့အနယ်နယ်သတင်းများ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm