မကွေး မတ် ၂၅
မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ သမဝါယမအသင်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ချုပ်စာရင်းများစစ်ဆေးခြင်း ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအဆင့်ဆင့်မှ ဖွဲ့စည်းပြီး သမဝါယမအသင်းများ၏ နှစ်ချုပ်စာရင်း စစ်ဆေးခြင်းအား ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး(၃)လအတွင်း စစ်ဆေးရမည်ဖြစ်သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းများအား သတ်မှတ်ကာလအတွင်း အချိန်မီစစ်ဆေးနိုင်ရေး၊ နှစ်ချုပ် စစ်ဆေးချက်အစီရင်ခံစာတွင် ပါဝင်ရမည့်စာရင်းဇယားများ ပြည့်စုံစွာပါရှိရေး၊ ယခင်နှစ်အားနည်းချက် များ၊ မပြည့်စုံမှုများအား ပြုပြင်ဆောင်ရွက်နိုင်ရေးတို့အတွက် ယခုလိုရက်တိုသင်တန်းကို ရည်ရွယ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် သမဝါယမအသင်းများနှစ်ချုပ်စစ်ဆေးခြင်းဆိုင်ရာ အဓိကအချက်များနှင့် အထွေထွေဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းခွဲစာရင်းများရေးဆွဲခြင်း၊ အရှုံးအမြတ်စာရင်းရေးဆွဲ ရခြင်း၏ အဓိကရည်ရွယ်ချက်နှင့် လိုက်နာရန်အချက်များ၊ ကုန်ကျန်/ငွေကျန်ကောက်ယူခြင်းနှင့် နောက်ဆက်တွဲစာရင်းများပြည့်စုံစွာဖော်ပြရန်လိုအပ်ခြင်း၊ နှစ်ချုပ်အစီရင်ခံစာတွင် တွေ့ရှိရသည့် အားနည်းချက်များ၊ အထွေထွေစည်းမျဉ်းမကျနမှုများ၊ အသင်းလုပ်ငန်းများအား ဘဏ္ဍာရေးအချိုးများဖြင့် တွက်ချက်သုံးသပ်ခြင်း၊ ကုန်သွယ်စာရင်း၊ အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်းတွင် ဖော်ပြ ရမည့် စာရင်းခေါင်းစဉ်များ၊ စာရင်းစစ်အစီရင်ခံစာရေးသားခြင်း၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အခြား ဆောင်ရွက်ရမည့်အချက်များ၊ တိုင်းရုံးသို့ အချိန်မီပေးပို့ရမည့် လချုပ်/ပြန်တမ်းများ၊ ၂၀၂၃-၂၀၂၄ စာရင်းအင်းနှစ်ချုပ်များ ပြည့်စုံမှန်ကန်စွာရေးဆွဲအပ်နှံနိုင်ရေးစသည်တို့ကို တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘုန်းမြင့်ထွန်းနှင့် သင်တန်းနည်းပြ (၄) ဦးက မြို့နယ် (၁၉) မြို့နယ်ရှိ သမဝါယမဦးစီးဌာနမှ ဝန်ထမ်း (၃၈) ဦးအား နှစ်ရက်ကြာ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်