Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ကြို့ဇလုပ်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ


25 Mar,2024

နေပြည်တော် မတ် ၂၅

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်ပေးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြို့ဇလုပ်ကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများနှင့် ဒေသခံ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူ များက ကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကုန်ထုတ်လမ်းတစ်လျှောက် လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်အရ ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်နှင့်မြို့ပြများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနဲ့ ဆင်းရဲမှုလျှော့ချ နိုင်ရေးတို့အတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးရေးအစီအစဉ်များကို မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်‌ပေးလျက် ရှိပါ ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်‌ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှု့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘာ့ကုလသမဂ္ဂက၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း၏ ရည်မှန်းချက်များ၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ၏ ရည်မှန်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး လုပ်ငန်းစဉ်တစ်ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က "ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပမ်းဆက်သွယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက် ရန်၊ ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကသမဝါယမလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မြှင့်တင်ပေးရန်" လမ်းညွှန်မှာကြားထားပါ ကြောင်း၊ ယနေ့ဖွင့်လှစ်ပေးတဲ့ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ကြို့ဇလုပ်ကျေးရွာ ကုန်ထုတ် လမ်းမှာ မြေသားနှင့် ရိစာလမ်းဖြစ်ပြီး ၆ ဖာလုံ ရှည်လျားကာ Slab Culvert (၁)စင်း၊ ရေကျော်  (၁) စင်းတို့ ပါဝင်ပြီး စိုက်ပျိုးမြေဧက (၂၅၀) ကျော်ကို အကျိုးပြုမည့် ကုန်ထုတ်လမ်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ပေ ၄၀၀ - ၄ လက်မ စက်ရေတွင်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံ ခြံစည်းရိုး ကာရံခြင်းတို့ကိုလည်း ဆောင်ရွက်ပေးထားပါကြောင်း၊

ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်၊ မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ်များ မွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တန်ဖိုးထားကြရန်၊ ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲအောင် အကျိုးရှိရှိ အသုံးပြုကြရန်၊ လိုအပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ပေါင်းစပ်တင်ပြ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်ကောင်စီအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင် စကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန် ရှိသူများက ဒေသခံ ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm