Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးသီးမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် (VRFP)စီမံကိန်း ရန်ပုံငွေများ (ပဉ္စမ) အကြိမ် ထုတ်ချေး


25 Mar,2024

ကျေးသီး  မတ်လ ၂၅ရက်
==============
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး‌ဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက   ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP )မတည်ရန်ပုံငွေများ (ပဉ္စမ)အကြိမ် ထုတ်ချေးပေးခြင်းအခမ်းအနားကို မတ်လ ၂၄ရက်နေ့  နံနက်ပိုင်းက  မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ဝမ်ဝပ်ကျေးရွာအုပ်စု၊ ကောင်းလန်းကျေးရွာ ၌ ကျင်းပသည်။
 
ပထမဦးစွာ ကျေးသီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ကောင်းလန်းကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက်လိုအပ်သော ငွေကြေး အရင်းအနှီးများရရှိစေရန်ရည်ရွယ်၍  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ စီမံကိန်း တာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနူန်း နှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေး ရာတွင်လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကြီးကြပ်မှု‌ကော်မတီဝင်
များ ထံသို့ မတည်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ထိုနောက် မြို့နယ်ဦးစီးမှူး နှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကြီးကြပ်မှု‌ကော်မတီဝင်များက ကောင်းလန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့် စုစုပေါင်းအသင်းသူ/သား (၂၂)ဦး ကို မတည်ရန်ပုံငွေကျပ်သိန်း ( ၃၄၈)အား အတိုးနူန်းသက်သာစွာဖြင့် ပဉ္စမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအေးနိုင် ထံမှ သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm