အောင်လံ မတ် ၂၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အောင်လံမြို့နယ် အောင်လံ-ကျောက်ပန်းတောင်း- သမ္ဘူလလမ်းမှ ရွှေပန်းတောလေး ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဇာလှိုင်သန်းနှင့် မြို့နယ်တာဝန်ရှိသူများက အောင်လံမြို့နယ် အောင်လံ- ကျောက်ပန်းတောင်း-သမ္ဘူလလမ်းမှ ရွှေပန်းတောလေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဇာလှိုင်သန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
အဆိုပါ အောင်လံ - ကျောက်ပန်းတောင်း-သမ္ဘူလလမ်းမှ ရွှေပန်းတောလေး ကျေးရွာအဝင်လမ်း အရှည် ၃ ဒသမ ၄ ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ခုနစ် လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၉၅ ဒသမ ၂၃၂ သန်းဖြင့် ကြယ်စင်ရိပ်ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ရွှေပန်းတောလေး ကျေးရွာအပါအဝင် ကျေးရွာ ၂၈ ရွာရှိ အိမ်ခြေ ၇၅၆၉ အိမ်၊ လူဦးရေ ၂၉၆၁၉ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေသွားပြီဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဇာလှိုင်သန်းထံမှ သိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်