ရေနံချောင်း မတ် ၂၂
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရေနံချောင်းမြို့နယ် ကံရွာ-နဂါး-ထနောင်းလှ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဆလိုင်းနေအောင်ဆန်း၊ ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံအင်ဂျင်နီယာများက ရေနံချောင်းမြို့နယ် ကံရွာ-နဂါး- ထနောင်းလှ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ ကံရွာ-နဂါး-ထနောင်းလှ ကျေးရွာချင်းဆက်လမ်း အရှည် နှစ်မိုင် ငါးဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့်ရှစ်လက်မရှိ မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၅ ဒသမ ၄၃၆ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ၂၀၂၃ ခုနှစ် ဇွန်လတတိယပတ်မှစ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းပြီးစီးပြီဖြစ်၍ ကံရွာကျေးရွာ၊ နဂါးကျေးရွာနှင့် ထနောင်းလှကျေးရွာတို့ရှိ အိမ်ခြေ ၅၀၉ အိမ်၊ လူ ၂၅၁၈ ဦးတို့ ရာသီမရွေးသွားလာနိုင်ပြီဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဆလိုင်းနေအောင်ဆန်းထံမှ သိရသည်။
ကျော်ဦး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်