Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ် လွယ်မောကျေးရွာအဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်


20 Mar,2024

တောင်ကြီး မတ် ၁၉

              ၇၉ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် လွယ်မောကျေးရွာအဝင်လမ်း ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ လမ်းထိပ်မုခ်ဦး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

              ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမှာစကားပြောကြားသည်။

             ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် လွယ်မောကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်း ဆောင်ရွက်ပေးနိုင်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကတ္တရာလမ်းသစ်ခင်းပေးခြင်းအတွက်  တာဝန်ရှိသူများကို ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။

            ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးတို့က လွယ်မောကျေးရွာအဝင်လမ်း ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါ လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

              ညောင်ရွှေမြို့နယ် လွယ်မောကျေးရွာအဝင်လမ်း အရှည် ၃ ဒသမ ၉၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၄၅ ဒသမ ၈၅၁ သန်းဖြင့် Mya Thike Family ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇူလိုင်လက ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်စောဦး(မောရှမ်းမြေ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm