ကျောက်ဆည် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ် ဆိုင်ရာအစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အစုအပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနား ကို မတ် ၂၀ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် သဘာပတိ ဦးကျော်သန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးသောင်းဌေးက သမဝါယမအသင်းဝင်များအနေဖြင့် သမဝါယမဦးစီးဌာန၏ မူဝါဒများ လိုက်နာ ကျင့်သုံးပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ စည်းကမ်း၊ ညွှန်ကြားချက်များ လိုက်နာကြ ရန်လိုကြောင်း၊ သမဝါယမအသင်းလုပ်ငန်းများ အကျိုးစီးပွားအတွက် အသင်းမှ ပေးအပ်သောတာဝန် များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်က သမဝါယမ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများအောင်မြင်မည်ဖြစ်ကြောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးက မြို့နယ်သမဝါယမဦးစီးဌာမှ ဆောင်ရွက် လျက်ရှိသာ လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက ထနောင်ပင်လှကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေ ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းလှိုင်ထံသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အစုအပေါ်အမြတ်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်