Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် မကျီးတိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


21 Mar,2024

ရေနံချောင်းမြို့နယ် မကျီးတိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

******************************************************************************

ရေနံချောင်း   မတ်   ၂၁

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရွှေတုတ်ကန်ကျေးရွာအုပ်စု၊ မကျီးတိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မတ် ၂၀ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မကျီးတိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဖြင့် တစ်နိုင်တစ်ပိုင် မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ငွေစာရင်း ပုံစံများ စနစ်တကျဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေး ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း များနှင့် ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းပြောကြားသည်။

          မကျီးတိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းရန်ပုံငွေများဖြင့်  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၂၉ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၇ဦး၊  အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၃ဦး၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၅၉ ဦးကို ငွေကျပ် ၃၆သန်း ထုတ်ချေးပေးနိုင် သည့်အတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း သိရသည်။

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm