Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးမြို့နယ် အုတ်ဖိုကျေးရွာမှ နန်းတော်ရာဟောင်းရွာ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းဆောင်ရွက်နေမှု စစ်ဆေး


21 Mar,2024

တောင်ကြီး မတ် ၂ဝ

            ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ်တွင် အုတ်ဖိုကျေးရွာမှ နန်းတော်ရာဟောင်းရွာ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မတ် ၁၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ တောင်ကြီးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)) ဦးဟန်ကိုကိုစိုး၊ တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (အငယ်တန်းအင်ဂျင်နီယာ-၁) ဦးသန်းနိုင်လင်းနှင့် တာဝန်ရှိသူများက အုတ်ဖိုကျေးရွာမှ နန်းတော်ရာဟောင်းရွာ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

            အုတ်ဖိုကျေးရွာမှ နန်းတော်ရာဟောင်းရွာ ကျေးရွာချင်းဆက်လမ်း အရှည် ခြောက်ဖာလုံ၊ အကျယ် ၁၄ ပေ၊ အမြင့် ခြောက်လက်မရှိ ကျောက်ချောခင်းခြင်း လုပ်ငန်းကို ပြည်နယ်ဖြည့်စွက် ရန်ပုံငွေ ကျပ် ၁၅၂ ဒသမ ၉၁ သန်းဖြင့် တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများက ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဟိန်းထက်စိုး(မလှိုင်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm