Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးဒူး-အနောက်စု ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်


21 Mar,2024

ကန်ကြီးထောင့် မတ် ၂၀

          ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးဒူးကျေးရွာအုပ်စု ဝါးဒူး - အနောက်စု ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်သည်။

         ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)တို့က ဝါးဒူး- အနောက်စုကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများထံသို့ တာဝန်ရှိသူများက အသီးသီးပေးအပ်သည်။

       ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧည့်သည်တော်များက ဖွင့်လှစ်ပြီးသော ဝါးဒူး- အနောက်စု ကွန်ကရစ်လမ်းကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး အဆိုပါ ကွန်ကရစ်လမ်းသည် အလျား(၀/၃)မိုင်၊ အနံ ၁၂ ပေနှင့် ခုနစ် လက်မထုရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီက ရန်ပုံငွေကျပ် သန်း ၁၄၄ ဒသမ ၇၅၀ ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၅၆၄ အိမ်၊ လူဦးရေ ၂၅၀၆  ဦးကို အကျိုးပြုသောလမ်းဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm