မကွေး မတ် ၁၉
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မကွေး-နေပြည်တော်လမ်းမှ ဘုရားပြိုမြောက်ကျေးရွာနှင့် ဘုရားပြိုတောင် ကျေးရွာသို့ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇင်လတ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုးနှင့် ဝန်ထမ်းများက ကျေးရွာတာဝန်ရှိသူများနှင့် အတူ လမ်းအရှည် သုံးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မရှိသော မကွေး-နေပြည်တော်လမ်းမှ ဘုရားပြိုမြောက်ကျေးရွာနှင့် ဘုရားပြိုတောင်ကျေးရွာသို့ ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။
မကွေး-နေပြည်တော်လမ်းမှ ဘုရားပြိုမြောက်ကျေးရွာနှင့် ဘုရားပြိုတောင်ကျေးရွာသို့ ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေ (အထွေထွေပိုလျှံငွေ) ကျပ်သန်း ၁၂၀ အသုံးပြုပြီး မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပစ္စည်းတင်ဒါစနစ်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၇၃ အိမ်မှ လူဦးရေ ၁၆၁၄ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုညို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်