Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ဒိုက်ပြင်-ကော့မူးသွေ ကွန်ကရစ်လမ်းသစ်ဖွင့်


20 Mar,2024

ဘားအံ မတ် ၁၉

      (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ်အတွင်း ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အနန္တာမြေကုမ္ပဏီက တာဝန်ယူဆောင်ရွက်သော ကော့ဒိုက်ပြင်-ကော့မူးသွေ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။

        ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် လမ်းသည် ကရင်-မွန် ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ ဇာသပြင်အဖြောင့်လမ်းအား ချိတ်ဆက်ထားသည့် လမ်းဖြစ်သည့်အတွက် ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းဖြစ်ပြီး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိခြင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အဆင်ပြေချောမွေ့၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

        ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက် နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များအား ပေးအပ်သည်။

        ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။

       ယနေ့ဖွင့်လှစ်သော ကော့ဒိုက်ပြင်-ကော့မူးသွေ ကွန်ကရစ်လမ်းသစ်သည် စုစုပေါင်းလမ်းအရှည် ၁ မိုင် ၃ ဖာလုံရှိသည့်အနက် မူလကွန်ကရစ်လမ်း နှစ်ဖာလုံရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၂၇ ဒသမ ၅၄၉ သန်းဖြင့် အနန္တာမြေကုမ္ပဏီက မြေသားတာပေါင်ချဲ့ခြင်း လုပ်ငန်းအပါအဝင် ၁၄ ပေအကျယ် ကွန်ကရစ်လမ်း ၁ မိုင် ၁ ဖာလုံနှင့် ပေ ၂၀ ကွန်ကရစ်တံတား တစ်စင်းအား တင်ဒါအောင်မြင် ဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးရွာကိုးရွာ၊ အိမ်ခြေ ၄၄၂ အိမ် နှင့်လူဦးရေ ၂၀၁၅ ဦးကို အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm