Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ်မှ သမဝါယမ အသင်းသားတောင်သူများအား သွင်းအားစုမြေဩဇာများပေးအပ်


20 Mar,2024

ပုသိမ်ကြီး မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွာသစ်ကျေးရွာရှိ နွေစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သမဝါယမဦးစီးဌာနမှ သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် သွင်းအားစုမြေဩဇာပေးအပ်ပွဲအခမ်းနားကို မတ် ၁၇ ရက်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွန်ကြားရေမှူး ဦးထွန်းဇော်ဦး၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့်တာဝန်ရှိသူများသည် သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့် သမဝါယမအသင်းသား (၂၅) ဦး ပိုင်ဆိုင်သည့် နွေစပါးစိုက်ဧက(၁၂၅)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစု များဖြစ်သည့် စမ်းဝတီမြေဩဇာ၊ ကွန်ပေါင်းနှင့် ပုလဲမြေဩဇာတို့ကို တောင်သူများစိတ်ကြိုက် ဝယ်ယူပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး

အမြို့မြို့အနယ်နယ်သတင်းများ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm