Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကုတ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရန် ကျေးရွာရွေးချယ်ခြင်းအခမ်းအနားကျင်းပ


14 Jul,2022

သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထပ်တိုး ဆောင်ရွက်ရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ရာ VDP ​ဆောင်ရွက်ရန် ကျေးရွာ(၈)ရွာ၊မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများအနက်အိမ်ခြေ(၁၀၁)အိမ်နှင့်အထက် Type -1 (၂)ရွာ၊ အိမ်ခြေ(၅၁)အိမ်  နှင့် အထက် Type-2 (၁)ရွာ၊  အိမ်ခြေ(၅၀) အောက် Type-3 (၁) ရွာ ရွေးချယ်ခြင်း၊ Cash For Work စီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ(၁)ရွာ ရှိပြီးဖြစ်သည့်အတွက်  ထပ်တိုး ဆောင်ရွက်ရန်လျာထားသည့် ကျေးရွာ(၂)ရွာ ရွေးချယ်ခြင်းတို့ကို မူဘောင်များ၊ စည်းကမ်းချက်များနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းညှိနှိုင်း ရွေးချယ်ဆောင်ရွက်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm