Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


15 Mar,2024

နေပြည်တော် မတ် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ပြည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သော ပြည်မြို့နယ်၊ သရေခေတ္တရာရှေးဟောင်းဇုံပတ်လမ်း(နဂါးတွန့်တံခါးမှ ကျောင်းကုန်းကျေးရွာလမ်းပိုင်း) လမ်းတာဘောင်ချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျောင်းကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ရွာရှိ လူဦးရေ ၆၃၉၄ ဦး တို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး၊ လမ်းရေရှည်အသုံးပြုနိုင်ရေး ကျေးရွာသူကျေးရွာသားများသာမက တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာသို့ ရောက်ရှိရာ ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံရာ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက တောင်လုံးကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)ဖြင့် အဓိက ကဏ္ဍကြီး(၆)ရပ်ဖြင့် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွား စေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်း များကို  အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင် နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီ သူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိက လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွားလာမှာဖြစ်သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ ကျေးရွာတောင်သူများမှလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း သင်တန်းများမှ ထွက်ရှိသော ဒေသထွက်ကုန်များ ခင်းကျင်းပြသထားရှိမှု အခြေအနေများအားလည်းကောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပေါက်ခေါင်းမြို့နယ်၊ ကြိုးကြာကျေးရွာ၌ ဖွင့်လှစ်ပို့ချခဲ့သော တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း) သင်တန်းဆင်းသူများ ရက်လုပ်ထားသော ရိုးရာအဝတ်အထည်များအားလည်း ကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းပြီးစီးမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင်ဝိုင်းဝန်းထိန်းသိမ်းကြရန် လမ်းညွှန်မှာကြားပြီး ကျေးရွာရာသီသီးနှံစိုက်ခင်းများအား ကြည့်ရှုအားပေးကာ ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေရရှိတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ရှိ အောင်သဇင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၌ ဝါစိုက်တောင်သူများ၊ မြို့နယ် (၁၂) မြို့နယ်မှ သမဝါယမအသင်းသားတောင်သူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်း အမျိုးအစားတူညီသူများ စိတ်တူကိုယ်တူဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း ပေးပြီး အသင်းသားတောင်သူများ၏ အဓိက လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင် ပေးလျက်ရှိပါကြောင်း၊ ယခုအခါ လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ ပြောင်းလဲလာ ခြင်း၊ လယ်ယာလုပ်သားများ ရှားပါးလာခြင်းတို့ကြောင့် လက်တွေ့ ထွန်ယက်စိုက်ပျိုးရေး ထွန်စက် များ၊ စိုက်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ လိုအပ်လျှက် ရှိပါကြောင်း၊ ဒါ့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပြီး ဌာနစက်၊ အသင်းစက်၊ ပုဂ္ဂလိက ရောင်းချမည့်စက်များဖြင့် ပြည်သူများသို့ အချိန်မီ ထွန်ယက်ရန် သက်သာသောဈေးနှုန်းဖြင့် ထွန်ယက်ရန် ပူးပေါင်းဆောင်ရွက် ပေးခဲ့ ပါကြောင်း၊ တောင်သူများ စုပေါင်းထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက်လည်း ဝန်ကြီးဌာန (၃)ခု ဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ စက်မှုလယ်ယာ ထွန်ယက်သရုပ်ပြပွဲတွင် ထွန်စက်ကြီးများနှင့် ရိတ်သိမ်းခြွေလှေ့စက်များကို ချိတ်ဆက်ရောင်းချ ပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် တစ်ဦးချင်းအနေဖြင့် ဝယ်ယူရန် ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ဆောင်ရွက်နေသော JICA Two Step Loan နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသင်းသား တောင်သူများ အနေဖြင့်လည်း ယခုလို ပုဂ္ဂလိက၊ နိုင်ငံတော်နှင့် သမဝါယမကဏ္ဍများမှ လာရောက် ဖြည့်ဆည်း ကူညီဆောင်ရွက် ပေးသည့်အချိန်တွင် မိမိတို့၏ လယ်ယာများ အထွက် တိုးရေး၊ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှချေးငွေများနှင့် သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာက JICA Two Step loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမ အသင်းသား တစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ အသင်းအစုအဖွဲ့အနေဖြင့်လည်းကောင်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေ ရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ ဝယ်ယူနိုင်မည့် အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီများမှ လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုး၊ မျိုးစေ့များ၊ သွင်းအားစုများ ခင်းကျင်းပြထားမှုများအား ကြည့်ရှုအားပေးပြီးနောက် အသင်းသားတောင်သူများ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ  ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သမဝါယမအသင်းစုများ၊ သက်ဆိုင်ရာ ကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျရောင်းချပေးနိုင်ရေး၊ စက်ပစ္စည်းများ ရေရှည်ကိုယ်တွင် အသုံးပြုနိုင်ရေး လိုအပ်သော သင်တန်းများပေးရန်နှင့် After Sale Service ပေးရန်လိုအပ်ကြောင်း၊ အပိုပစ္စည်းများ အလွယ်တကူရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက် ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm