သထုံ၊ မတ် ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကျေးလက်နေပြည်သူများ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျပေါ်ထွန်းလာ စေရန် အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေအရ အသေးစားစက်မှုလက်မှု လုပ်ငန်းများအား မှတ်ပုံတင်ပေးခြင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ စေရန်ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား နည်းပညာအကူအညီပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိရာ သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ယနေ့တွင် ဌာန၌ မှတ်ပုံတင်ထားသော လုပ်ငန်းများအနက် သံထုံမြို့နယ်၊ နောင်ဘိုကျေးရွာရှိ ရွှေမြေဆီ သဘာဝမြေဩဇာလုပ်ငန်းသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဌာနတွင် လုပ်ငန်းမှတ်ပုံတင်ရာ၌ ဖြည့်သွင်းခဲ့သော အချက် အလက်များ မှန်ကန်မှု ရှိ/မရှိ ၊ ပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်း ရှိ/မရှိ၊ ဘေးဥပဒ်ဖြစ်စေမှု ရှိ/မရှိ နှင့် လုပ်ငန်းဆောင်ရွက်နေမှုပုံစံ အဆင့်ဆင့်တို့ကို စစ်ဆေးကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သထုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်