Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ်၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး


14 Mar,2024

အမရပူရမြို့နယ်၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး

 

မန္တလေး မတ် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းစတင်အကောင် အထည်ဖော် ဆောင်ရွက်မည့် သာလှအေးကျေးရွာတွင် Mobile Financial Payment စနစ်ဖြင့် စီမံကိန်းရန်ပုံငွေ ပထမအကြိမ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌  ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်း များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခင်က စီမံကိန်း ကျေးရွာများတွင် ရန်ပုံငွေထုတ်ချေးခြင်း၊ အရင်း/ အတိုးပြန်လည် ပေးဆပ်ခြင်းလုပ်ငန်းစဉ်များကို Manual Cash - based စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် AYA Pay နှင့်ပူးပေါင်း၍ Mobile Financial Payment စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။

 

ဆက်လက်၍ AYA Pay တာဝန်ရှိသူများနှင့် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက AYA Pay ဖြင့် Digital နည်းပညာကို အသုံးပြု၍ Mobile Phone မှတဆင့် သာလှအေးကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၆ ဦး ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၅၉ ဦး စုစုပေါင်း အသင်းသား ၁၀၅ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ သိန်းကို ကျေးရွာသူ ကျေးရွာ သားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်