Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းရယ်မြို့နယ် မန်မိုင်(ခိုင်းယွန်း) - ဟိုက်ပုလမ်း ကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


14 Mar,2024

မိုင်းရယ် မတ် ၁၃

            ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် မန်မိုင်(ခိုင်းယွန်း)- ဟိုက်ပုလမ်း ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ လားရှိုးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးနေမျိုးမင်းနှင့် တာဝန်ရှိသူများက မိုင်းရယ်မြို့နယ် မန်မိုင် (ခိုင်းယွန်း) - ဟိုက်ပုလမ်း ကျောက် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းပြသရာ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

            အဆိုပါ မိုင်းရယ်မြို့နယ် မန်မိုင်(ခိုင်းယွန်း) - ဟိုက်ပုလမ်း အရှည် လေးဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ခြောက်လက်မ ကျောက်ခင်းခြင်းလုပ်ငန်းကို ပြည်နယ် ဖြည့်စွက်ရန်ပုံငွေကျပ် ၁၁၁ ဒသမ ၁၂ သန်းဖြင့် မိုင်းရယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် မတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းဆောင် ရွက်ပေးနိုင်မှုကြောင့် ဒေသခံပြည်သူများ ရာသီမရွေးသွားလာ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ကျေးရွာ များမှထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို မြို့ပေါ်စျေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်