Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးမြို့နယ်အတွင်းရှိ ကလိ-တပ်ကလေးမြောက်စုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး


14 Mar,2024

ပဲခူး မတ် ၁၃

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ်အတွင်းရှိ ကလိ-တပ်ကလေးမြောက်စုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အုတ်ဖို-ကျုံးရိုးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။.

             ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် တာဝန်ရှိသူများသည် ကလိ- တပ်ကလေးမြောက်စုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသသည်။

            ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် တာဝန်ရှိသူများသည် အုတ်ဖို-ကျုံးရိုး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

            အဆိုပါ ပဲခူးမြို့နယ်အတွင်းရှိ ကလိ- တပ်ကလေးမြောက်စုလမ်းသည် အရှည် သုည ဒသမ ၇၆၉ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၇ လက်မရှိပြီး ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ပြည်ထောင်စု(ပြင်ထိန်း)ရန်ပုံငွေဖြင့် ပဲခူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။ အုတ်ဖို-ကျုံးရိုးတံတားသည် အရှည် ပေ ၁၂၀၊ အကျယ်ပေ ၂၀ ရှိပြီး ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အောင်နိုင်မြန်မာကုမ္ပဏီမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကွန်ကရစ်တံတားတည် ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ပြီး တံတားချဉ်းကပ်လမ်း ဆောင်ရွက်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     အဆိုပါ ကွန်ကရစ်လမ်းနှင့် ကွန်ကရစ်တံတားတည်ဆောက်ပေးခြင်းကြောင့် ဒေသခံပြည်သူများ ရာသီမရွေး သွားလာအသုံးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာရှိ လယ်မြေများမှ ထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကိုလည်း ကုန်ကျစရိတ်သက်သာစွာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်းသိရသည်။

(၄ဝ၁)၊ တင်စိုး(ပဲခူး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm